ShweMyanmar Mingalar co.,Ltd

Home < Story of Buddha

" ပုလုံးတုံးတုံး ပင်လယ်ဖြတ်ကူးတံတား ပြင်ဆင်မွန်းမံမှုစီမံကိန်းProjectတွင် ပါဝင်ကူညီထားရှိမှု "
Added:2020/7/9 17:41:25 Views:385

" ကော့သောင်းမှ ပင်လယ်အတွင်းရှိ ပုလုံးတုံးတုံးကျေးရွာလေးသို့

ဆက်သွယ်ထားသော ပုလုံးတုံးတုံး ပင်လယ်ဖြတ်ကူးတံတား

ပြင်ဆင်မွန်းမံမှုစီမံကိန်းProjectတွင် ပါဝင်ကူညီထားရှိမှု "

ပထမဦးစွာ...

ပုလုံးတုံးတုံးတံတားတွင် အသုံးပြုထားသော Lighting များအားလုံးသည် ကျွန်တော်တို့ Mingalar Lighting မှဖြစ်ပါသောကြောင့် လွန်စွာကြည်နူးပီတိဖြစ်မိပါသည်။

အများပြည်သူများ၏ သွားလာရေးအခက်အခဲအား တစ်ထောင့်တစ်နေရာမှ မီးအလင်းရောင်ပေးကာ ကူညီပံပိုးပေးနိုင်ခဲ့သောကြောင့် တပ်ဆင်သုံးစွဲပေးခဲ့ပါသော လူကြီးမင်းများအား

အလွန်ပင်ကျေးဇူးတင်ရှိမိပါသည်။

ထို့ကဲ့သို့ အများပြည်သူ၏ အခက်အခဲများအား ဝိုင်းဝန်းကူညီဖြေရှင်းရာတွင် ကျနော်တို့ Mingalar Lighting မှ စေတနာအပြည့်အဝဖြင့် အားဖြည့်ကူညီရန် အစဥ်အမြဲ

အသင့်ရှိနေပါသည်။

" ပုလုံးတုံးတုံးတံတား၏ အရှည်နှင့် အကျယ် "

ပုလုံးတုံးတုံးတံတား၏ အရှည်မှာ ပေ ၂၄၀၀ ရှိပြီး ယာဥ်သွားလမ်း အကျယ်မှာ ၂၄ ပေ၊ လူသွားလမ်း အကျယ်မှာ ၅ ပေ ၆ လက်မဖြစ်သည်။ ရေလမ်းကင်းလွတ်အကျယ်မှာ

ပေ ၈၀ ဖြစ်ပြီး ရေလမ်းကင်းလွတ် အမြင့်မှာ ၃ ပေဖြစ်သည်။

" ပုလုံးတုံးတုံးတံတား၏ အမည်ဖြစ်ပေါ်လာပုံ "

ထိုကျေးရွာလေးသည် ယခင် မလေး (ပသျှူး) လူမျိုးများမှ (ပုလုံး=လိပ်၊ တုံးတုံး=ကျွန်း၊ ပုလုံးတုံးတုံး=လိပ်ကျွန်း) လိပ်ကျွန်းဟု မလေး (ပသျှူး) ဘာသာစကားဖြင့် ပုလုံးတုံးတုံးဟု

အစွဲပြုခေါ်ဆိုရာမှ ပုလုံးတုံးတုံးကျေးရွာဟု အမည်တွင်လာခဲ့သည်။

ပုလုံးတုံးတုံးကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ပင်လယ်ကျေးရွာလေးဖြစ်သည်။

" ပုလုံးတုံးတုံးကျေးရွာ၏ တံတားမတည်ဆောက်မီ အခက်အခဲများ "

တံတားမတည်ဆောက်မီအချိန်က ကော့သောင်းမှ ပုလုံးတုံးတုံးရွာသို့ သွားလာရာတွင် ကော့သောင်းမှ ၇ မိုင်ခန့် ဝေးသည့်ချောင်းကိုဖြတ်ကျော်၍ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊

လှေငယ်လေးများဖြင့် ပင်လယ်ဒီရေအတက်အကျ အချိန်စောင့်၍သော်လည်းကောင်း အဆင့်ဆင့် ခက်ခဲပင်ပန်းစွာ သွားလာကြရသဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး

ကိစ္စအဝဝသည် ကျေးရွာ ပြည်သူများအတွက် လွန်စွာ အခက်တွေ့ကြသည်။

" ပုလုံးတုံးတုံးတံတား စတင်တည်ဆောက်ချိန်နှင့် ပြုပြင်ထိန်းသိမ်းရမှုများ "

ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် နိုင်ငံတော်၏ ရည်မှန်းချက်အရ ဒေသခံပြည်သူများ၏

ပူးပေါင်းဆောင်ရွက်မှုအရ ၂၀၀၄ ခုနှစ် မတ်လ ၉ ရက်မှ စတင်တည်ဆောက်ခဲ့ရာ အခက်အခဲများကို ကျော်လွှားကာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တွင် အောင်မြင်စွာ

တည်ဆောက်ပြီးစီးခဲ့သည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် ခါးသီးထိတ်လန့်ဖွယ်အတွေ့အကြုံ သဘာဝဘေးအန္တရာယ် TSUNAMI စူနာမီဒဏ်ကြောင့် တံတားကြီးမှာ

အပိုင်းပိုင်းပြတ်တောက်၍ အစိတ်အပိုင်းတချို့ ပျက်စီးခဲ့ရပါသည်။ သို့သော် နိုင်ငံတော်အကြီးအကဲများ၏ အားဖြည့်ပံ့ပိုးမှု၊ ဒေသခံပြည်သူများ၏ ကြံခိုင်သော စိတ်ခွန်အားတို့ကြောင့်

၂၀၀၅ ခုနှစ် မတ်လ ၂၁ ရက်၊ ကာလအားဖြင့် ၂ လနှင့် ၁၈ ရက်အတွင်း ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ပြီးစီးကာ ၂၀၀၅ ခုနှစ် မတ်လ ၂၃ ရက်တွင် စည်ကားသိုက်မြိုက်စွာ

ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုတံတားကြီး၏ သစ်သားတိုင်များမှာ ပင်လယ်အတွင်းဖြစ်၍ မကြာခဏ ဆွေးမြေ့ယိုယွင်းလာသဖြင့် သစ်သားတိုင်အစား သံကွန်ကရစ်တိုင်များကို အစားထိုးမွန်းမံ

တည်ဆောက်ထားပြီး တံတားရေရှည်လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ပျက်စီးယိုယွင်းမှုများကို ပြုပြင်ထိန်းသိမ်းခဲ့ပါသည်။

ယခုအခါ တံတားပြန်လည်ပြုပြင်တည်ဆောက်မှုနှင့် လျှပ်စစ်မီးများ ပြန်လည်စစ်ဆေးအလှဆင်ရာ ၉၀% ကျော် ပြီးစီးနေပြီဖြစ်၍ လာမည့် စက်တင်ဘာလတွင် စီမံကိန်းပြီးစီးနိုင်ရန်

မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ညအခါ သွားလာရအဆင်ပြေစေရန်အတွက်လည်း တံတားတစ်လျှောက်လုံးရှိ လျှပ်စစ်မီးများအတွက် ကျွန်တော်တို့ Mingalar Lighting မှ Lighting များအား

တပ်ဆင်အသုံးပြုထားပါသည်။

" တံတားတည်ဆောက်မှု ပြီးစီးသောအခါ အများပြည်သူအတွက် အကျိုးရှိဖွယ် အလားအလာများ "

တံတားတည်ဆောက်မှု ပြီးစီးသောအခါတွင် ကော့သောင်းတစ်ဖက်ကမ်း ပုလုံးတုံးတုံးကျေးရွာမှာ ပိုမိုဖွံဖြိုးတိုးတက်လာမည်ဖြစ်ပြီး ရေထွက်ပစ္စည်း ရောင်းချတင်ပို့မှုလည်း

ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ဒေသခံပြည်သူများ၊ ခရီးသွားဧည့်သည်များ ဖြတ်သန်းသွားလာမှုမှာလည်း လွယ်ကူမြန်ဆန်လာမည်ဖြစ်သည်။ ကော့သောင်းဒေသရဲ့

ခရီးသွားလုပ်ငန်းမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။


Previous:" Quality ကောင်း ​သေသပ်ခိုင်ခံ့တဲ့ Mingalar Lightbox
Next:测试游记2